Friday 27 July 2012

ဝေးတဲ့စိတ်



မြို့လေးနဲ့လဲ............ဝေး
ကျွန်တော်ချစ်တဲ့အဖေ အမေနဲ့ လဲ...ဝေး
ကျွန်တော်ချစ်တဲ့ ရွာလေးနဲ့ လဲ...ဝေး

ကျွန်တော်ချစ်တဲ့တောင်ပြာတန်းနဲ့လဲ..........ဝေး
အဝေးတစ်နေရာကိုရောက်နေတဲ့ သား 
စိတ်ထဲမှာတွေးလို့  ဖြေဖျေက်နိုင်ဖို့ 

အဝေးရောက်တဲ့ သား

အဖေ အမေရဲ့ ဆုံးမသံတွေကို

ကြားချင်နေမိခဲ့တယ် ။
အဖေ အမေရဲ့  ဆုံးမသံစကားတစ်ခွန်းဟာ
နေမင်းတစ်စင်းလို လင်းထင်းစေတယ် ... 
အဖေ အမေရဲ့ ဂရုဏာဒေါသဟာ
သားအတွက်သောကတွေအကုန်ငြိမ်းစေနိုင်သလို
အဖေ အမေ့ရဲ့ အပြုံးတစ်ချက်မှာ
သားအတွက်တစ်ဘဝဆက်နိုင်ခဲ့တယ် ...
ဝေးစိတ်ကလေးရယ် ...

အဖေ အမေဆုံးမသံတွေဟာ
သားဖြတ်သန်းရမဲ့ နောက်မနက်ဖြန်တွေအတွက်  
ဝေးစိတ်ကလေးတွေကို

ဖြေဖျောက်နိုင်မဲ့ အားဆေးတစ်ခွက်ပါ    

အောင်မင်းခန်

Tuesday 24 July 2012

ရှူံးနိမ့်မှာ ကြိုသိခဲ့လို့
ပြင်ဆင်ချက်ရှိသူမှာလည်း နာကျင်မှု ဆိုတာ ရှိနေဦးမှာပါပဲ
ပြုံးပြလိုက်ရပေမဲ့ မျက်ရည်တွေ ကာရံမမဲ့ခဲ့ပါဘူး . . .

ပတ်ဝန်းကျင်က လူတွေရဲ့ အပြုံးကို မျှဝေနေရင်း
ဖုံးကွယ်ထားတဲ့ မျက်ရည်စက်တွေလည်း ပျောက်မသွားဘူး
တနေ့နေ့ တချိန်ချိန် ဆိုတာချည်းကိုလည်း မတမ်းတဘူး
ကြောင်းပြချက်မဲ့မဲ့ နဲ့ ကာလအကန့်အသတ်မရှိ ပဲ
ချစ် နေ တယ် ဆို ရုံ လေး ချစ် မိ နေ ဦး မှာ ပါ . . . ။

Thursday 19 July 2012

i love you

i love you.

ကြယ်ကြွေနိဂုံး

တအုံနွေးနွေးနဲ့ သွန်ချခံလိုက်ရတဲ့
လတ်ဆတ်မှု သံယောဇဉ်ဟာ
အတွင်းကြေဆိုတဲ့ ဒဏ်ရာထက်ပြင်းထန်လွန်းနေခဲ့တော့
ဝင်သက်ထွက်သက်တိုင်းဟာ ခဲယဉ်းသထက်ခဲယဉ်းလာခဲ့ !!

တစ်လောကလုံးအုံ့မှိုင်းတဲ့ ရာသီနဲ့
ဒီကမ္ဘာ ကျဉ်းကျဉ်းလေးထဲက
ဖယောင်းတိုင်လို လူတစ်ယောက်
ကိုယ့်ဒဏ်ရာ ကိုယ်ပျောက်ဖို့
သက်ပြင်းကို ဖျော်ချနေမိခဲ့ !!

ပျောက်ဆုံးနေတဲ့ ဘုံဗိမ္မာန်အတွက်
ပဉ္စလက်ဆန်ဆန် ရှာဖွေတွေ့နိုင်ဖို့
နတ်ပျိုမရဲ့ အပြုံးတစ်ပွင့်နဲ့
ရင်ငွေ့လှုံ ပန်းသီးတစ်လုံး
သံယောဇဉ်နဲ့စားသုံးဖို့ လိုအပ်နေခဲ့ !!

ဝင်ရိုးစွန်းအတွက် သူရိန်ရဲ့အပြုံးမျက်နှာဟာ
အိပ်မက်ဆန်ဆန် ပန်းချီတစ်ချပ်ဖြစ်ခဲ့ချိန်
မွန်းကြပ်မှုအလုံးအရင်းရဲ့ ထိုးစစ်ဆင်ခြင်းမှာ
ကောင်းကင်ပြိုကျခဲ့တဲ့ ကြယ်တစ်လုံး
အာရုံခြောက်ပါး ဆုံးရှုံးရင်း
ကြယ် သက် ကြွေ တယ်!!!

အိပ်မက်ခရီး

တွေးလက်စအတွေးတွေအားလုံး ဖြေလျော့ပစ်လိုက်တယ်
အိပ်မက်တွေက သိပ်ကိုလေးလံလွန်းနေပြီ
ကိုယ့်ပုခုံးကိုယ်ပြန်စမ်းကြည့်တော့ အနဲငယ်မာကျောနေသယောင်ယောင်..

ကိုယ့်အတောင်ကိုယ်ဖြန့်ကြည့်လိုက်တယ်
တဟုန်ထိုးတက်ဖို့အတွက် လေမလာသေးဘူး
မချိတင်ကဲစိတ်တွေနဲ့ပဲ ညကိုခပ်စိမ်းစိမ်းကြည့်လိုက်တယ်
ညကတော့ နက်သထက်သာနက်လို့..

ကိုယ့်လိပ်ပြာကိုယ် ပြန်ကြည့်တော့
ခပ်ယဲ့ယဲ့လေး ပြုံးပြတယ်
ရှိရှိသမျှကြေကွဲခြင်းတွေကို တနင့်တပိုးထွေးပိုက်ထားတဲ့ပုံမျိုး..

အဝေးကထပျံသွားတဲ့ ညငှက်တွေကိုကြည့်ရင်း
မဆီမဆိုင် အမုန်းကျည်ဆံတွေပစ်သွင်းလိုက်တယ်
အာရုံခြောက်ပါးစလုံးက အကြောက်အကန်ငြင်းဆန်လို့
မျက်လုံးတွေမှိတ်လိုက်ပါတော့ မင်းအရမ်းပင်ပန်းနေပြီ..

အရိပ်လိုချင်လို့ အပင်စိုက်တာပါ
ကိုယ်တိုင်စိုက်ပျိုးပြီးမှ အသီးလဲစားချင်မိရဲ့
ဒီလိုအတွေးတွေကပဲ ကိုယ်ကျင့်တရားကိုဖျားစေတာလား..
ကျချင်ချင်ဖြစ်နေတဲ့စိတ်ဓါတ်ကို ခပ်တင်းတင်းဆွဲစိရင်း
ဒီတစ်ညအိပ်မက်မှာလဲ ကိုယ့်ခန္ဓာကိုယ်ထမ်းကိုယ့်လမ်းကိုယ်လျှောက်ရမယ်..။
ရှင်သန်ခြင်း


စိမ်းညို့မှောင်နေတဲ့ ကောင်းကင်ရဲ့ညချမ်းမှာ
လတစ်ခြမ်းက အပိုင်းပိုင်းပြတ်လို့ ။ ။

အစွန်းဆုံဆုံး ပျော်ဝင်မှုဟာ
ဒဏ်ရာကုစားဖို့ အဆင့်မမှီ
မျှော်လင့်ခြင်းကို ချွန်းဖွင့်ထွက်ဖို့
ထူးခတ်တဲ့သံယောဇဉ်တွေ များလွန်းတယ် ။ ။

ခေတ်နဲ့အတူမျောပါစီးဆင်းချင်တဲ့ အိပ်မက်မြစ်ဟာ
အရောင်အသွေးမစုံမှုတွေကြောင့် လူလားမမြောက်နိုင်သေးခင်
တိုးထွက်ရုန်းကန်မှုတွေအတွက် လောင်စာမပြည့်တဲ့အခါ
သူလိုငါလိုရက်စွဲတွေအောက်မှာပဲ တလိမ့်ခေါက်ကွေးပေါ့ ။ ။

နဂါးတစ်ကောင်တိမ်ညွန့်စားဖို့ ရက်နဲနဲလိုသေးတယ် ။