Saturday 22 December 2012

ဝေးနေရင်လည်း


 ဝေးနေရင်လည်း
 မိုင်တွေဘယ်လောက်ပဲဝေးပါစေ
 တန်တိုင်းတွေဘယ်လောက်ပဲခြားနေပါစေ
 တယောက်တစ်ပြည်
ဝေးလို့ နေရင်လည်း
ကိုယ့်၏အတွေး
အသဲထဲမှာ
တစ်ယောက်တစ်နေရာနေရရင်လဲ
မဝေးပါ ချစ်သူ....
 အချစ်ဦးမို့လို့ 
စွဲလန်းတယ်.......ချစ်သူရယ်…။

အချစ်သူအတွက်

အချစ်အတွက်

ရင်ထဲမှာ….
စန္ဒာလ ၀င်းပပမင်းမျက်နှာ
ကြည့်မ၀ပါ ချစ်သူ....။

သွေးသက် ခန္ဓာ
ကမ္ဘာမြေကျအောင်ထိ
ချစ်ကဓိ မပျက်စေရဘူးနော်… ချစ်သူ….။

ဦးဦးဖျားဖျား
မင်းအနားမှာ
 မရှိခဲ့ရင်လည်း
 ကျေနပ်တယ်
 နောက်ဆုံးလူ ဖြစ်ရင်လဲ ကျေနပ်တယ်….။




(အောင်မင်းခန့် )

Friday 7 December 2012

မင်းနားလည်ပါ


မင်းနားလည်ပါ

မင်းနှုတ်ဖျားက...
“မချစ်တော့ဘူး”လို့
ဘယ်လောက်ပဲပြောပြော
မင်းပြောတဲ့စကားကို
ငါက စလို့ 
ပြောတာလို့ပဲ
ထင်နေတာ
ချစ်သူ...။

Online မှာတွေ့ရင်လည်း
“စကားတွေဆက်မပြောချင်ဘူးဆိုပြီရင်
မင်းက Off လိုင်းကိုလုပ်ထားရင်လည်း
မင်း Online မှာရှိတယ်ဆိုတာကို
ငါ အလိုလိုသိနေတယ်
ချစ်သူ.....။

တခါတခါမှာ
မင်းက ငါ့ကို
“မချစ်ဘူး”လို့ပြောတယ်
နောက်တစ်ခါတွေ့ပြန်တော့
”ချစ်တယ်”လို့ပြော
မင်းက ငါ့ကို
ရူးခိုင်းနေတာလား
ချစ်သူ...။

မင်းက
ကျီစားတာများလာတော့
မခံစားဖူးတဲ့
ငါ့နှလုံးသားတွေ
တစတစနဲ့ ကြာလာတော့
လောင်ကျွမ်းသွားလိမ့်မယ်.
ချစ်သူ....။

ငါက
နေဒဏ်သင့်နေတဲ့ခရေပန်းတပွင့်လို
အလွမ်းဒဏ်တွေသင့်နေတယ်
ငါ့ဘဝမှာ
ရင်မှာဝေဒနာကို ပွေ့ပိုက်ရင်း
ငါဘယ်လိုခရီးဆက်ရမှာလဲ...
ချစ်သူ....။

ငါ့ဘဝက
နေဒဏ်သင့်ပြီးကြွေနွမ်းနေတဲ့
ခရေပွင့်လေးလို
မဟာပထဝီမြေကြီးမှာ
ခယဝဋ်စင်းနေရတဲ့ဘဝမို့ 
ဘယ်သူက
ကောင်ယူပြီး နမ်းချူချင်မှာလဲ...
ချစ်သူ...။

ဒါပေမယ့်လေ...
ခရေပန်းပွင့်လေးဘဝက မြေမှာခလို့ 
ဘယ်လောက်ပင်ခြောက်သွေ့ခြောက်သွေ့
ပန်းချစ်သူတို့ အပေါ်
ထာဝရမွှေးကြိုင်သင်းပျံ့တဲ့
ရနံ့လေးကိုတော့
အမြဲပေးစေတယ်ဆိုတာကို
မင်းနားလည်ပါ
ချစ်သူ....။

နောက်ဆုံးအနေနဲ့ 
ငါတောင်းဆိုချင်ပါတယ်...
အလွမ်းဒဏ်သင့်နေတဲ့
ငါ့ကို
နောက်ပြီးမကျီစားပါနဲ့ လို့....."

(အောင်မင်းခန့် )

မင်းက ငါ့ဘဝပါ

မင်းက ငါ့ဘဝပါ
……………..

ချစ်သူ..
ထို…အရင်တုန်းက
မင်းနဲ့ငါ အွန်လိုင်းမှာ
နေ့ တိုင်းတွေ့ လို့
ချစ်စကားတွေ
ပြောမဆုံးနိုင်ခဲ့ပါ..။

တရက်လေး မတွေ့ ရင်
မနေတတ်ခဲ့သလို ငါတို့ ကြားမှာ
ငါ အွန်လိုင်းမတက်တဲ့ နေ့တွေဆိုရင်
 မင်းကမြဲတမ်း ဖုန်းဆက်ခဲ့သလို
 ငါကလည်း ဖုန်းလေးကိုကိုင်ပြီ
နေ့ တိုင်းမျှော်ခဲ့ရတယ် ချစ်သူရယ်…။

အခုအချိန်မှာတော့
မင်းဆီကဖုန်းလာမှာဆိုတာကဝေးနေပြီ
အွန်လိုင်းမှာတောင်မှ
မင်းကပုန်းရှောင်နေပြီ…။

ချစ်သူ..
ငါက မင်းအတွက်
အချစ်ဦးတယောက်မဖြစ်ခဲ့ရင်တောင်
အချစ်ဆုံးသူတယောက်လည်း
ဖြစ်ခဲ့မှာမဟုတ်ပါ…။

  ဒါပေမယ့် ချစ်သူ..
မင်းက ငါဘဝအတွက်
အချစ်ဦးသူတစ်ယောက်ဖြစ်ခဲ့ဖူးသလို
အချစ်ဆုံးသူဆိုတာလည်း
မင်းတယောက်ပါပဲ ချစ်သူ…။

ကြမ်းတမ်းခက်ထန်ပြီးရင်
နွေကန္တာရထဲခြောက်သွေးနေတဲ့
ငါ့ ဘဝထဲကို
မင်းလို ပြည့်စုံတင့်တယ်ထည်ဝါနေတဲ့
လူတယောက်အတွက်
ဝင်လာဖို့ခက်နေလိမ့်မယ်ဆိုတာကို
ငါ ကြိုတင်လို့ သိခဲ့တယ် ချစ်သူ…။

ဒါပေမယ့်
ချိုသာတဲ့ မင်းရဲ့စကားတွေ
အေမြတဲ့ မင်းရဲ့ အပြုံတွေအောက်က
ငါ ရုန်းထွက်လို့မရခဲ့ပါ…။

ချစ်သူ
  တကယ်လို့သာ မင်းက
ငါ့ဘဝထဲကအပြီးပိုင်ထွက်သွားမယ်ဆိုရင်
မင်းတယောက်ကိုသာ စွဲလန်းစွာချစ်နေရတဲ့
ငါ့ ဘဝအတွက်တော့
မျှော်လင့်ချက်တွေဆိတ်သုဉ်းလို့
အနာဂတ်ဆိုတာလည်း
ဟိုအဝေးကြီးမှာပါ…။

ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူ
မင်းဘဝကောင်းစားဖို့
မင်းဘဝအေးချမ်းဖို့ ဆိုရင်
ငါ့ ကိုပစ်ထားခဲ့မယ်ဆိုရင်လည်း
ကိုယ့်ချစ်သူ၏ဘဝ ကောင်းစားဖို့အရေးမို့
မင်းပေးခဲ့တဲ့ လွမ်းဆွေးမှုဝေဒနာတွေကို
ဘဝဆုံးတိုင် ရင်မှာပွေ့ပိုက်ရင်နဲ့
ငါခွင့်လွှတ်မြဲပါ ချစ်သူ…။
(အောင်မင်းခန့် )

အလွမ်းညဥ့်

အလွမ်းညဥ့်

“အချစ်ဆိုတာ
 ပန်းရိုင်းတစ်ပွင့်လို
နေရာတိုင်းမှာ
ပွင့်တတ်ကြသလို”ဆိုပေမယ့်
 ငါ့ရင်ထဲက အချစ်ပန်းလေးက
 မင်းနှလုံးသား ဥယျာဉ်ထဲကလွဲပြီးရင်
ဘယ်နေရာမှာမှမပွင့်ခဲ့ဖူးပါ
 နောက်ထပ်လဲ
ဘယ်ဥယျာဉ်ထဲမှာမှ
ပွင့်လိမ့်မည်မဟုတ်ပါ...။

မမြင်နိုင်ပေမဲ့
 ခိုင်မာတဲ့နှောင်ဖွဲ့ထားတဲ့
 သံယောဇဉ် နှောင်ကြိုးတွေနဲ့ 
 ငါကို ရစ်ပတ်....။

အဲဒီတွက်ကြောင့်လဲ
လူတွေကတိတ်ဆိတ်
ကြယ်လေးတွေကကြွေ
 အမှောင်တွေနဲ့ပြည့်လျှံနေတဲ့
 ထက်ကောင်းကင်ဝလာတခွန်မှာ
ငါက..
မင်းကိုလွမ်းလို့
တယောက်တည်းထိုင်ပြီး
ငိုခြိုက်နေတဲ့အသံတွေကို
မင်းကတော့
 ကြားနိုင်မှာမဟုတ်ပါဘူး...။

မင်းကိုသတိရတိုင်း
မင်းပေးထားတဲ့ဓာတ်ပုံလေးကို
ကြည့်လိုက်တဲ့အခါ
 မင်းကို ငါမြင်လိုက်ရလို့
ငါ၏ အလွမ်းညဥ့်တွေအတွက်
မင်းအပြုံးက
ငါ့ကို နှစ်သိမ့်ပေးနေတယ်...။

အသွင်မတူလို့
အတူမနေရဘဝမျိုးနဲ့ 
 ငါဘယ်လောက်ထိ
မင်းကိုလွမ်းရမှာလဲ
ချစ်သူရယ်....။

ဝေးရပြီးရင်နောက်

ခွဲသူလည်းလွမ်း
ကျန်သူလွမ်းမို့
အလွမ်းခြေရာ
ဝေဒနာကို
ရင်မှာခုတိုင်း
မဖြေနိုင်ပါ
အချစ်ဦးသူမို့ 
ချစ်သူရယ် ကိုရူးတော့မယ်…။

Thursday 6 December 2012

စိတ်လွမ်းဖော်



စိတ်လွမ်းဖော်
ဓါတ်ပုံလေးက စိတ်ထဲမှာတဖျတ်ဖျတ်ခါတယ်။
တစ်စက္ကန့်လောက်ဆိုပေမဲ့ '' ရှပ်တာ ''ပွင့်ဖို့လုံလောက်တယ်။
ရင်မှာကပ်ဖို့ ရိုက်ကူးတဲ့ ပိုစတာတစ်ချပ်ပါ။
ရောင်းရန်မဟုတ်။
ငှားရန်မဟုတ်။
မျှဝေရန်မဟုတ်။
မဟုတ်။မဟုတ်။မဟုတ်။
မဟုတ်ခြင်းများစွာနဲ့ သီးသန့်။
အတောင်ပါတဲ့ အိပ်မက်တွေနဲ့ ကူးလူးဆက်ဆံကြတယ်။

ပင်လယ်ခြားတယ်။
နယ်မြေခြားတယ်။
ယဉ်ကျေးမှုခြားတယ်။
ခြားတယ်။ခြားတယ်။ခြားတယ်။
စည်းခြားခြင်းများစွာနဲ့ မဝေးတဲ့ရပ်ဝန်း။
အလွမ်းများစွာနဲ ထွေးပိုက်နွေးထွေးကြတယ်။

ကဗျာမဆန်ဘူး။
ရုပ်ရှင်မဆန်ဘူး။
ပန်းချီမဆန်ဘူး။
မဆန်ဘူး။မဆန်ဘူး။မဆန်ဘူး။
မဆန်ဘူးများစွာနဲ့ ဘဝစစ်စစ်။

ပူခြင်းအေးခြင်းတွေကို ထိသိမှုနဲ့ မျှဝေခံစားတယ်။
အစလား....?
အဆုံးလား....?
အဆုံးအစ မရှိတာလား.....?
ဘာဆိုဘာမှ မသိ