အလွမ်းညဥ့်
ပန်းရိုင်းတစ်ပွင့်လို
နေရာတိုင်းမှာ
ပွင့်တတ်ကြသလို”ဆိုပေမယ့်
ငါ့ရင်ထဲက အချစ်ပန်းလေးက
မင်းနှလုံးသား ဥယျာဉ်ထဲကလွဲပြီးရင်
ဘယ်နေရာမှာမှမပွင့်ခဲ့ဖူးပါ
နောက်ထပ်လဲ
ဘယ်ဥယျာဉ်ထဲမှာမှ
ပွင့်လိမ့်မည်မဟုတ်ပါ...။
မမြင်နိုင်ပေမဲ့
ခိုင်မာတဲ့နှောင်ဖွဲ့ထားတဲ့
သံယောဇဉ် နှောင်ကြိုးတွေနဲ့ 
ငါကို ရစ်ပတ်....။
အဲဒီတွက်ကြောင့်လဲ
လူတွေကတိတ်ဆိတ်
ကြယ်လေးတွေကကြွေ
အမှောင်တွေနဲ့ပြည့်လျှံနေတဲ့
ထက်ကောင်းကင်ဝလာတခွန်မှာ
ငါက..
မင်းကိုလွမ်းလို့
တယောက်တည်းထိုင်ပြီး
ငိုခြိုက်နေတဲ့အသံတွေကို
မင်းကတော့
ကြားနိုင်မှာမဟုတ်ပါဘူး...။
မင်းကိုသတိရတိုင်း
မင်းပေးထားတဲ့ဓာတ်ပုံလေးကို
ကြည့်လိုက်တဲ့အခါ
မင်းကို ငါမြင်လိုက်ရလို့
ငါ၏ အလွမ်းညဥ့်တွေအတွက်
မင်းအပြုံးက
ငါ့ကို နှစ်သိမ့်ပေးနေတယ်...။
အသွင်မတူလို့
အတူမနေရဘဝမျိုးနဲ့ 
ငါဘယ်လောက်ထိ
မင်းကိုလွမ်းရမှာလဲ
ချစ်သူရယ်....။
No comments:
Post a Comment