Thursday 23 August 2012

ငါ့ပြစ်ပါ

အလွမ်းဆိုတဲ့ ဝေါဟာရတစ်ခု
ငါဘိဓာန်မှာ ငါချရေး
ထားခဲ့မှာကို ကြိုသိနေပေမဲ့
ခွင့်လွတ်စွာ ချစ်နေမိတာ            
ငါ့အပြစ်ပါ.                  
ငါသိပါတယ်
ချစ်တတ်ရုံနဲ့
ဘွဲ့တက်ယူမိတာ
ငါ့အပြစ်ပါ….
မင်းပျော်ရင်ပြီးရောလို့
ချစ်စိတ်နဲ့ နားလည်ပေးခဲ့တာ
ငါ့အပြစ်ပါ..
မင်းမှန်ပါတယ်
နေပူအောက်ဘဝမျိုးကို
ဘယ်စိတ်ကူပမလဲ
ငါကိုက မှားခဲ့တာပါ
ငါ့အပြစ်ပါ….
ဖြူစင်စွာချစ်မိတဲ့
ငါ့နှလုံးသားတစ်စုံ
မင်းအတွက်
ရေစက်ချ အမျှဝေတာကိုက
ငါ့အပြစ်ပါ…
မင်းလိုအပ်ရင်
မင်းဘေးမှာ ငါအမြဲတမ်း
ရှိနေတယ်ဆိုတာ 
မင်းမသိခဲ့တာ
ငါ့အပြစ်ပါ…
ငါဆိုတဲ့ကောင်ကလည်း
မင်းလိုချင်တဲ့
ပုံစံမျိုးနဲ့ဘဝမျိုးမှ မဟုတ်တာ
ငါ့အပြစ်ပါ…
မင်းပေးတဲ့ အနမ်းတချို့နဲ့
မင်းနဲ့အတူရှိနေတဲ့
နေရာဟောင်းလေးကို
အလိုလို ရောက်နေမိတာ
ငါ့အပြစ်ပါ..
မင်းသွားပါ
လွတ်လွတ်လပ်လပ်နဲ့
ငါ့နှလုံးသားကို
နင်းချေပါ
ငါခွင့်လွတ်နေဦးမှာပါ…

Tuesday 21 August 2012

အဆုံးရှုံးခံ နှလုံးသား

ငါ့နှလုံးသားထက်က
အချစ်ဆိုသော စာမျက်နှာ
ငါချစ်တဲ့ နင့်ကြောင့်သာ
အသက်ဝင်တယ်…..
ငါမရင်းနှီးသေးသော
ငါနှလုံးသားရဲ့နောက်စာတစ်မျက်နှာ
နင်စိတ်တိုင်းကျ
ဇာတ်ညွန်းတို့နဲ့ ပုံဖော်လှည့်ပါ
နင်ထားရာနေ စေရာသွား
နင့်အလိုကျ (ငါ) ကပါ့မယ်ချစ်သူ…..
နင်ပျော်မယ်ထင်ရင်
ငါ့ရင်ကို စုံကန်လို့
ငါ့နှလုံးသားကို
နင်းချေ ထွက်သွားလိုက်ပါ
နင့်ကိုမုန်းဖို့မတတ်နိုင်မှတော့
နင်မယုံကြည်နိုင်တဲ့
ငါ့အချစ်တွေကိုသာ
အပြစ်ပုံချလို့
ကြေမွနေတဲ့ ငါ့နှလုံးသားကို
မြေမြှပ်ပစ်ဖို့ ကြိုးစားလိုက်ပါ့မယ်……
နင့်ဘ၀အတွက်
လမင်းတစ်စင်းအဖြစ်
လင်းလက်ခွင့်မရရင်တောင်
နင့်ဘ၀မှောင်မိုက်ချိန်မှာ
အလင်းပေးနိုင်တဲ့
ကြယ်တစ်စင်းဖြစ်ပါရစေ…
“အလျှော့ပေးလို့
ရောင့်တတ်တယ်”လို့တော့
မထင်လိုက်ပါနဲ့ ချစ်သူ
ဖြစ်နိုင်ရင်
အလင်းပေးရုံမက
နင်လမ်းပျောက်ခဲ့ရင်
လမ်းပြခွင့်ရတဲ့
ဓူဝံကြယ်လေး ဖြစ်ပါရစေ…
နင့်ဘ၀အတွက်ငါ
မလိုအပ်တော့၇င်တောင်မှ
နင့်ဆုတောင်းတွေပြည့်နိုင်ဖို့
ငါ့ကိုငါ
ကြွေစင်းပေးပါ့မယ် ချစ်သူ….
အရာရာ နင့်အလိုကျ
ဖြစ်စေခဲ့တဲ့ ငါ
နင်ပြောသမျှ
ခေါင်းညိတ်နေတတ်ခဲ့ပြီ….
စိတ်တိုင်းကျ
အနိုင်ယူလှည့်ပါ ချစ်သူ
ငါမင်းအတွက်
အမြဲတမ်း အရှုံးပေထားလို့ပါ…
“ကိန္ဒရာမောင်နှံ
တစ်ညတာ ကွေကွင်းရတာကို
တစ်ဘ၀လုံး
လွှမ်းဆွေးငိုကြွေးတယ်”တဲ့
မင်းမချစ်နိုင်တဲ့
ငါ့နှလုံးသားအတွက်
ဒီတစ်ဘ၀လုံးမကပါဘူး
နောင်ဘ၀ဆိုတာသာရှိခဲ့ရင်
သံသရာ အဆက်ဆက်
(ငါ)ငိုကြွေးပါရစေ…..
တမြေ့မြေ့
ညှဉ်းမသတ်ပါနဲ့ ချစ်သူ
ငါ့နှလုံးသားထက်က
ဒဏ်ရာဟောင်းတောင်
အနာမကျက်သေးလို့ပါ…
နင့်ကြောင့်သာ အချစ်ကို
ကိုးကွယ်တတ်ခဲ့သူပါ
ချစ်တတ်အောင်သင်ပေးခဲ့ပြီးမှ
မုန်းတတ် နာကျဉ်းတတ်အောင်
သင်ပေးခဲ့ပါဦး ချစ်သူ…
ဖြစ်နိုင်ရင်
ချစ်တတ်တဲ့နှလုံးသားကို
မီးရှို့ပြာချလို့
အချစ်မဲ့ ၀န်းကျင်သစ်မှာ
ရှင်သန်အောင် ကြိုးစားကြည့်ချင်တယ်…
နင်မရှိတဲ့ ငါရဲ့ညတိုင်းကို
အလွှမ်းတွေကသာ
စိုးမိုး ခြယ်လှယ်တယ်…
ဒါပေမဲ့ ချစ်သူ
အရှင်လတ်လတ်ရင်ခွဲခံပြီးမှတော့
အသေးအမွားဒဏ်ရာ(အလွှမ်း)လောက်ကို
နာကျင်တယ်လို့
မညည်းညူချင်တော့ပါဘူး.။….။

ချစ်သူဖတ်ဖို့…..

ချစ်သူ
သတိရစိတ်တွေ..ပိုပိုတိုး..
ရင်ထဲမှာ နွေလိုမျိုးပဲ..
ပူပြင်းလောင်မြိုက်..
လွမ်းဆွတ်ခြင်းတွေနဲ့..မှောင်မိုက်လို့လေ….
ဝေးနေတဲ့ခါ..
တစ်စက္ကန့်ကို တစ်ကမ္ဘာထင်တတ်သူမို့
အရာရာကို စတေး..
ငါ့အနားမှာ.. မင်းရှိနေဖို့ပဲ အရေးကြီးပါတယ်…
ငါ့ မနက်ဖြန်တွေလည်း
မင်းကို ချစ်တဲ့ အချစ်နဲ့ လှပနေတတ်ပြီမို့..
စိတ်မချတဲ့ အတွေး..
နည်းနည်းမှ မမွေးပါနဲ့နော်…
ဘာလို့လဲဆို…
မင်းမျက်နှာ ညိုရင်…
ငါ့ကမ္ဘာ တစ်ခါပြိုတယ်လေ……
ထားခဲ့တဲ့ ကတိသစ္စာတွေနဲ့…
လက်ကို ခိုင်ခိုင်တွဲ…
အခက်အခဲတွေကို…
ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲကြမယ်…..
တစ်ယောက်ကို တစ်ယောက်ထူမတ်…
တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်လို့…
ဘ၀ရဲ့ နက်နဲတဲ့ပုစ္ဆာ…
ငါတို့တွေ အဖြေရှာကြမယ်…
အပေးအယူမျှတ..
အချင်းချင်းဖေးမလို့…
ခါးသီးတဲ့နေ့တွေကို ကျော်ဖြတ်…
နားလည်မှုတွေနဲ့.. ခရီးဆက်ကြမယ်…..
သံသရာ အဆက်ဆက်…
လက်တွဲဖော်..ပါရမီဖြည့်ဘက်အဖြစ်…
မင်းနဲ့အတူဆို…
ဘယ်တော့မှ……
ငါ့စိတ်မှာ မငြိုငြင်ဘူးလေ………။

တကယ်ပါချစ်သူ…

တကယ်ပါချစ်သူ….
ပေးဆပ်မှုတောင်ပံတစ်စုံရဲ့အောက်မှာ
ဖြူစင်တဲ့နှလုံးသားရပ်ဝန်းရှိတယ်….။
မြှားတစ်စင်းဆင်ရုံလေးနဲ့တော့
မကျီစားပါနဲ့…ချစ်သူရယ်….
ပြိုကျခဲ့ရတဲ့ အိပ်မက်ရှည်တွေကို
အခါခ်ါခေါက်သိမ်းရင်း…
မြတ်နိုးမှုသက်သက်နဲ့တင်
ကျေနပ်မိသူတစ်ယောက်ကိုမှ
အလွမ်းတွေ…ပန်းလိုသီဖို့
ဝေဒနာပန်းတစ်ခင်း ဖန်ဆင်းပေးရက်တယ်…။ ။
ငါသာလျှင်..
မင်းရဲ့အကြည့်
မင်းရဲ့အပြုံးတို့စေစားရာ။
ငါသာလျှင်.
မင်းရဲ့အသံ
မင်းဟန်တို့ရဲ့ရည်မှန်းရာ။
ငါသာလျှင်..
မင်းနှလုံးသား
မင်းအတွေးတို့ပိုင်စိုးရာ။
မမြဲ……..ဖြစ်နေချင်ခဲ့။
မင်းနဲ့ပတ်သက်သမျှအရာအားလုံး
လိုချင်တပ်မက် တောင့်တရင်းနဲ့…
ချစ်သူ
ငါ့အနားမှာမင်းမရှိခဲ့၇င်တောင်……
မင်းအနားမှာ…
ငါမှတပါး….
အခြားဘယ်သူကိုမှ…မရှိစေချင်ပါ။ ။

Monday 20 August 2012

လွမ်း

လွမ်း


မဖြစ်ဖူးတဲ့  သောက
မခံစားဖူးတဲ့ ဝေဒနာ
သောကပင်လယ် တဝဲဝဲ
လှိုင်းတွေကကြီး
မိုးတွေကရွာ
လေပြင်းက တိုက်
 ကျောက်ဆောင် နဲ့ ရိုက်
 ထိရှက်တွေကွဲပြစ်
အလွမ်းသမား
ဒီဘဝ၌
ဖြေမပြေ အလွမ်း
သောကမီးတွေက  လောင်မြစ်
ရက်စက်
အက်ကွဲ
ဒီခန္ဓာ၌
ရက်စက်တယ် လွမ်း
မုန်းမိတယ် လွမ်း
ကျေရာ   ကျေကြောင်းး
တောင်းဆုပန်တယ် လွမ်းရေ.............

Saturday 18 August 2012

ပြောရခက်တယ်
အမြင်ကြာတော့
ခင်လာမိတယ် . .
အတွေးများတော့
မေ့မရဘူး
အပြစ်ရှာမရှိ
ချစ်လာမိတယ် . .
ချစ်ပါသော်လည်း
မပြောရဲ
ရင်ထဲမျိုသိပ်
ချစ်တဲ့စိတ်နဲ့
ကြိတ်မှိတ်နေရ
ကိုယ့်ဘ၀ကို
ဖွင့်ဟပြောရင်
မုန်းမှာလားဟင်

ချစ်ဦး


အချစ်ဦး




ထူးဆန်းနွယ်ရစ် နစ်မူးတွယ်တာ

သက်ဦးတစ်ခါ အိပ်မက်သာ၊

ရူးရူးမူးမူး ကိုယ့်စိတ်ကူး

ကာရံအသစ် ကဗျာအစစ် ...အစစ်နဲ့

လှပဘွဲ့ထူး အချစ်ဦး၊

ဖျောက်ဖျက်မရ သူ့အလှက

အိပ်မက်ညထဲ စွဲမြဲရစ်ပတ်

ဒီတစ်သက်တော့

မေ့ပြစ်ရက်ဘူးအချစ်ဦး..။

ပြိုလဲ

ဘ၀ရဲ့အချိုမြိန်ဆုံးနေ့ တွေမှာ
နာရီတွေက ....
ငါ့အတွက်
သစ္စာရှိကြတယ် . . .

အဆိပ်သီးကို
ကမ္ပလာသီးအမှတ်နဲ့
ရူးရူးမူးမူး
စားသုံးဘူးတယ် . . .

ချိုမြိန်တဲ့အဆိပ်က
ငါ့နှလုံးသားကို
တစ်စစီ
အက်ကွဲသွားစေတယ်  . . . .

အက်ကြောင်းထင်သွားတဲ့ နှလုံးသားမှာ
ချုပ်ရိုးတွေက
ဟိုတစ်စ ဒီတစ်စ
သွေးကမတိတ်နိုင်

ဒဏ်ရာတွေအနာကျက်ဖို့
ဘုရားရှင်ကပြောတယ်

ချစ်သား .....
"၀ဋ်ရှိသရွေ့ခံဦး" တဲ့ . . . . .   ။        

Wednesday 8 August 2012

တမ်းတမိတယ် အမေ့ ရင်ခွင်

ငယ်ငယ်တုန်းက  ဆောင်းရာသီတွေ 
ခြုံလွှားထွေးတောင် မနွေးနိုင်ခဲ့ ပေ
သည်အခက် သည်အကြမ်း သည်ဘ၀လမ်းမှာ
သံယောဇဉ် အမျှတန်း နွမ်းရနဲ့ မနားနိုင်
အချိန်မှန်မှန်လှုပ်ရှား စုန်ဆန်သွားလာရင်း
သားသ္မီးတာဝန်တွေ မတိမ်းစောင်းစေ......
လောကအကြောင်း  သောင်းပြာင်းထွေ
သောကလမ်းကြောင်ပေါ်က အမေ
ဆောင်းမှာအေးတယ် ဆိုတာတွေ မယုံနိုင်တော့ဘူးလေ...
နတ်တော်ပြာသို ငွေနှင်းကတွေဝေလည်းလေ
အမေ့ရင်ထဲမှာတော့ သောကရာသီနွေ
တဖွဲဖွဲလေမစဲဘဲကြွေတတ်တဲ့
ငွေနှင်းတွေ မြင်လေတိုင်း
ပြန်လည်ကာ တမ်းတမိပါတယ်
ငယ်ငယ်တုန်းက အမေ့ရင်ခွင်

လွမ်းလှပြီ ချစ်သူ

လွမ်းလှပြီ ချစ်သူ နွမ်းသမျှ မပြေလေတော့ ဒေ၀ါမိုးကိုလည်း တောင်းပန်နေ......... ချစ်သူနဲ့  တွေ့ တဲ့အခါမှ.. စိတ်တိုင်းကျ ရွာဖို့ လေ .............. နှစ်လတွေ........အလီလီလွဲသလို.........ကိုယ်အသဲတွေ တစစီကွဲပြီ..ချစ်သူ အသက်မက ချစ်ကြောင်းတွေကို အတူတွေ့  မှ ပြောပြတော့မယ်..............ချစ်သူ......