Sunday 22 December 2013

သင်သာ ပြုလုပ်ခဲ့လျှင်



မူရင်း မူရင်းနဲ့
ခြစ်ခြင်းကို ဘောင်လာမခတ်ပါနဲ့လားဗျာ

ကျွန်တော့် အချစ်တွေ
ဆောင်းတွင်းမို့ ရေခဲလိုအရည်မပျော်ဘူး မထင်လိုက်ပါနဲ့
ပတ်ဝန်းကျင် လေတိုက်နှုန်းထဲက
အပူတစ်ငွေ့လေးပါလဲ
တိုက်စားခံရင်း
ပျော်လွင့်နေပါတယ်

အရည်တော်ပျော်မှ ပြန်ခဲဖို့ လာမကြိုးစားနဲ့

ကျွန်တော့် စိတ်တွေ ရေခဲတိုက်မရောက်ခင်
ပုတ်သိုးကုန်လိမ့်မယ်............

သီရိမေ


ရင်ထဲမှာလဲ ဆောင်းအော့်ပို့စစ်

 

 

အလှမ်းဝေးနေတဲ့
လွမ်းမပြေနိုင် ချစ်ခြင်းတစ်ချို့
မြူနှင်းတွေလဲ မျက်ဖျားလေးတွေမှာ
တွဲလဲခို.....

အဆင်းမရှိပေမယ့်
အချင်းရှိနေတဲ့
စက္ကူပန်းလေးတွေလဲ
လေအဝှေ့မှာ တေးလေးဆို

အော်.....
အချစ်မသိ
အနှစ်မရှိသတဲ့
နေရာတိုင်းမှာ မြူနှင်းတွေဝေနေလဲ
ကိုယ့်အသဲမှာ နှင်း မထိဘူး
ဆီးဂိမ်းက မီးပုံတုလို
အလင်းတွေ ပေးပေမယ့်
နွေးထွေးမှုတွေ ဗလာနတ္ထိ.........


သီရိမေ

 

 

Friday 22 November 2013

အချစ်သည်သာ ကိုးကွယ်ရာ




မောင်......
ကျမရဲ့ လူချောလေးပေါ့
ဘယ်သူမှ လိုက်မမှီနိုင်တဲ့ ရုပ်ရည် ရူပကာလေးနဲ့ပေါ့

မောင်..........
ကျမအတွက် အလေးထားစရာလေးပေါ့
အလေးထားစရာတွေထဲက အလေးအထားရဆုံး လူသားလေးပေါ့

 မောင်........
ကျမရဲ့ ကိုယ်ပွားလေးပေါ့
သူဘယ်လိုနေတယ်ဆိုတာ အမြဲတမ်း မျက်စိဝေ့နေရတဲ့ ချစ်စရာ ကိုယ်ပွားလေးပေါ့

မောင်..........
အသက်တွေ ဘယ်လောက်ကြီးလဲ
ချစ်စရာ ပုံစံ အမူအယာလေးတွေ အမြဲတမ်းပေါ်လွင်နေတတ်တဲ့ ချစ်သူလေးပေါ့

မောင်..........
ယုံကြည်အားကိုးထိုက်အောင်
အမြဲပဲ အသွင်ဆောင်နိုင်တဲ့ အောင်နိုင်သူကြီး တစ်ယောက်ပေါ့
 
မောင်..........
ခန့်ညားလှတဲ့ မောင့်ရူပကာလေးနဲ့
ချစ်ခြင်းတွေ ဆိတ်သုန်းမကုန်ဆုံးအောင် မူသွင်လေးတွေကြောင့်

မောင်ရေ ချစ်ခြင်းတွေ သီနေတော့်
အရာရာတိုင်းမှာ မောင်ကတော့် တုနှိုင်းလို့ မမှီနိုင်ဘူးလေ
ချစ်တဲ့ မောင်ရေ အချစ်တွေလဲ ချိုပါတယ်
အချစ်တွေလဲ ခါးလှပါတယ်
ဒါပေမယ့် ပုထုဇဉ်လူသားပေမို့လား
အချစ် ချိုခါးတွေကို နေ့စဉ်မှ မသောက်သုံးရရင်
ဘ၀တွေများ ဆားမပါတဲ့ ဟင်းလို အရသာ မရှိလှဘူးကွာ

မောင့်ချစ်သူ မေ

Tuesday 19 November 2013

အဆုံးအစ မရှိတဲ့ ငါ့ချစ်ခြင်း


ချစ်သူ......
နင်နားမလည်နိုင်တဲ့
ငါ့ရဲ့ ချစ်ခြင်းအတွက်
ငိုနေတဲ့ ငါ့ပါးပြင်ပေါ်က
မျက်ရည်ပဲ သက်သေဖြစ်ရတော့်မှာလား ချစ်သူ

ချစ်သူ.......
နင်နားမလည်နိုင်တဲ့
ငါ့မေတ္တာတရားတွေအတွက်
ငါ့ရဲ့ ပေးဆပ်မှုကိုပဲ သက်သေထူရတော့်မှာလားချစ်သူ

ချစ်သူ.......
နင်နားမလည်နိုင်တဲ့
ငါ့ရဲ့ သစ္စာတရားအတွက်
ကျိန်ဆိုခြင်းတစ်ခုပဲ
အထောက်အကူပြုနိုင်တော့်မှာလားချစ်သူ

အချစ်ဆိုတာ ပေးဆပ်ခြင်း ရယူခြင်း
မကင်းပါဘူးချစ်သူ
ချစ်လို့ ပေးဆပ်ထားတယ်
ချစ်လို့ ရယူပိုင်ဆိုင်ထားတယ်ဆိုတာ
သနားခြင်းနဲ့ မြစ်ဖျားမခံပါဘူးချစ်သူ

အချစ် ညီမျှခြင်း သနားခြင်းလဲ မရှိခဲ့ပါဘူးချစ်သူ
ချစ်သူထင်နေတဲ့  ငါ့ရဲ့ အတ္တ အချစ်ဆူးလေးကို
အပြစ်မှူးလို့ ထင်ရင်တော့်
ထင်ရက်သလိုသာ ထင်ပါတော့် ချစ်တဲ့သူ

ငါချစ်ခဲ့တာ အဆုံးအစ မရှိပါဘူး
အချစ်ဆိုတာ အဆုံးအစ မရှိဘူး ထင်ခဲ့တဲ့
ငါ့အတွက်တော့်
စခဲ့ပြီးပါပြီ
အဆုံးသတ်ဆိုတာ ငါ့အသက် ငါ့ခန္ဒာနဲ့
တစ်ထပ်တည်း ရှိနေအုံးမှာပါ ချစ်တဲ့သူရေ

မောင့်ချစ်သူ မေ

ပြီးဆုံးခြင်းရဲ့ နောက်ကွယ်


ပြီးဆုံးခြင်းရဲ့ နောက်ကွယ်မှာ
ငိုနေတဲ့မျက်ရည်ပဲ
သက်သေရှိ မှာပါ
နှစ်ယောက်တူတူ လက်တွဲ မခွဲဘူးလို့
မျက်နှာချင်းဆိုင်
အပြုံးချင်းဖလှယ်ပြီး
တူယှဉ် မနေခဲ့လိုက်နိုင်ပဲ
တို့နှစ်ယောက်ရဲ့ ချစ်သူ့သက်တမ်းလေး
လေထဲမှာ ဆောက်ခဲ့မိတဲ့
သဲအိမ်လိုပဲ
တစ်မြူမှုံချင်း ရွေ့လျားပျောက်ကွယ်လုတော့်ပြီလား???


မောင့်ချစ်သူ မေ

နောက်ဆုံး.............


နောက်ဆုံး.............
အရာရာ နောက်ဆုံးက
အရာရာတိုင်း နောက်ဆုံးက ဆိုတဲ့
နောက်ဆုံး ဆိုတဲ့စကား
ဟာသတော့် မဖြစ်ပါဘူး

နောက်ဆုံးပဲ ဆိုတဲ့
ချစ်သူ့နူတ်က ထွက်တဲ့ နူတ်ထွက်စကားလေးနဲ့ပဲ
ကျခဲ့တဲ့မျက်ရည်တွေ
ဘယ်သူလာပြီး နာလည်ပေးနိုင်မှာလဲ

နားလည်ပေးနိုင်ပါတယ်ဆိုတဲ့
ချစ်ရဆုံးချစ်သူ
ခုတော့်လဲ .........
နောက်ဆုံးပဲ ဆိုတဲ့စကားနဲ့ပဲ
တို့နှစ်ယောက် ၃ နဲ့ ၄ ဖြစ်သွားကြပြီနော်

ဘာပဲပြောပြော ၃ နဲ့ ၄ ဖြစ်နေလဲ
ကျောချင်းကပ် အငွေ့အသက်လေးနဲ့ပဲ
အသက်ဆက်ရှင်သန် သွားပါ့မယ်ချစ်သူ

ချစ်....လွန်း .....ပို.....သူ
ဘ၀င်မူ ဆေးခပ်
အဆိပ်တက်လဲ
အပြုံးမပျက်
အဆုံးသတ် ပေးပါ့မယ် ချစ်သူ

 မောင့်ချစ်သူ မေ




ဖျောက်ဖျက်လို့မရတဲ့ သံယောဇဉ်

အကောင်းဆုံး မဟုတ်ရင်တောင်
အတတ်နိုင်ဆုံးတော့်ပေးဆပ်နေချင်တာ
နင်မမြင်နိုင်တဲ့........
ငါ့ရင်ထဲက သံယောဇဉ်တွေပါ...........

Credit ...... မင်းမင်းသူ