Sunday 22 December 2013

ရင်ထဲမှာလဲ ဆောင်းအော့်ပို့စစ်

 

 

အလှမ်းဝေးနေတဲ့
လွမ်းမပြေနိုင် ချစ်ခြင်းတစ်ချို့
မြူနှင်းတွေလဲ မျက်ဖျားလေးတွေမှာ
တွဲလဲခို.....

အဆင်းမရှိပေမယ့်
အချင်းရှိနေတဲ့
စက္ကူပန်းလေးတွေလဲ
လေအဝှေ့မှာ တေးလေးဆို

အော်.....
အချစ်မသိ
အနှစ်မရှိသတဲ့
နေရာတိုင်းမှာ မြူနှင်းတွေဝေနေလဲ
ကိုယ့်အသဲမှာ နှင်း မထိဘူး
ဆီးဂိမ်းက မီးပုံတုလို
အလင်းတွေ ပေးပေမယ့်
နွေးထွေးမှုတွေ ဗလာနတ္ထိ.........


သီရိမေ

 

 

2 comments:

  1. အိပ်စက်မရ ဖြစ်ညများစွာ ကိုယ်တယောက်တည်း ဖြတ်သန်းခဲ့ရ

    ReplyDelete
  2. ဘာဖြစ်ဖြစ်အနားမှာရှိသင့်တယ်

    ReplyDelete