Showing posts with label မေ့ချစ်သူ. Show all posts
Showing posts with label မေ့ချစ်သူ. Show all posts

Wednesday, 25 September 2013

နှလုံးသားနဲ့ ဖတ်ပေးပါ။

ရင်ခွင်တံခါးကို
အကြင်နာအစွမ်းနဲ့
မောင့်ချစ်သူလေး တစ်ယောက်တည်း
ဝင်ခွင့်ရအောင်
နှလုံးသား အဓိဌာန်ဝင်
မေတ္တာတွေ သက်သေထား
ချစ်ခြင်းရဲ့ တန်ခိုးနဲ့
ဘယ်တော့်မှ မကျိုးမယ့်
နှလုံးသားတံခါးချပ်
မောင် ဆောက်ထားတယ်။

နားလည်မှု အမျှင်ထုတ်
သံယောဇဉ်ကြိုးတုတ်တုတ်နဲ့
မောင် ဆုပ်ထားတဲံ
ချစ်ခြင်းစံပယ်တစ်ပွင့်ဟာ
ကမ္ဘာတည်သမျှ မညိုးနွမ်းမယ့်
ကဗျာသီတဲ့ ပန်းစံပယ်တစ်ပွင့်ရယ်လို့
မောင့်နှလုံးသား အချစ်သမိုင်းမှာ
မြတ်မြတ်နိုးနိုးရေးသီခဲ့မယ်။

အချစ်ကို အချစ်လို့
နာမည်တပ်နိုင်ယုံလောက်နဲ့
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း
လျှာဖျားက အားယားပြီး ထွက်လာတာမဟုတ်တော့်
အချစ်ရဲ့ ဘော်ဘော်တွေဖြစ်တဲ့
ကြင်နာ မြတ်နိုး
ယုယ တွယ်တာ
နားလည် ပေးဆပ်
မှေးစက်စေချင်တာ
နှလုံးသား မွေ့ယာပေါ်မှာမို့
နှလုံးသွေးနဲ့ ရေးတဲ့ ကဗျာတိုင်း
မောင့်ချစ်သူလေးအတွက်
အချစ်တွေ အန်ချတဲ့
ကာရံမလှပေမယ့်
ဒဏ်ရာကင်းတဲ့
ကဗျာလေးလို့
ချစ်စိတ်မှာထား
နှလုံးသားနဲ့ ဖတ်ပေးပါ။    ။



မေ့ချစ်သူမောင်.....

Thursday, 18 July 2013

မိုးသည်းတဲ့ ည

မိုးသည်းတဲ့ ညတစ်ညမှာ 

အလွမ်းစိတ်တွေက ဝေဖြာ

အာကာဝဠာတခွင်လုံးနက်မှောင်

ကိုချစ်တဲ့ ချစ်သူရဲ့  မျက်နှာလေး စူပုတ်သွားသလို့ခံစားရတယ်

မိုးလေးက စီစီ 

မိုးရှိန်သံလေးက တချပ်ချပ်နဲ့ 

ငါ့လွမ်းစိတ်လေးတွေလဲ

ပိုတိုးလာတယ်

သေချာပါတယ်

ဒီတစ်ညလဲ

မိုးမသဲပေမယ့်

မိုးမစဲသလို

ငါ့လည်း မျက်စိမှိတ်နေပေမယ့်

အိပ်စက်တော့

မရတော့ဘူးဆိုတာ

ငါလွမ်းနေတာ

သူလဲသိပါစေ

 

မေ့ချစ်သူ

ချစ်သူသိပါစေ




အချစ်သူရေ
မင်းလေးအပြုံးကို
ကိုလေ တွေးမိတိုင်း စိတ်ထဲမှာ
ပျော်ရွှင်မိပါတယ်   ချစ်သူရေ
ချစ်သူရေ
မင်းလေးနဲ့  ပြောနေရတဲ့
အချိန်ဆိုရင်  ကို စိတ်တွေထဲမှာ
အလိုလို ပျော်ရွှင်ကြေးနူးမိပါတယ်
ချစ်သူရေ............
မင်းလေးနဲ့ မတွေ့ ရတဲ့
နေ့ တွေဆိုရင် သောက စိတ်တွေဝေ
လွမ်းဆွဲမိတာ အမှန်ပါ ချစ်သူရေ


မေ့ချစ်သူ

မင်းကိုလွမ်းတဲ့နေ့ 


ချစ်သူ..
မင်းအသံကိုမကြားရရေနိန်တိမှာ
ပုံမှန်လည်ပတ်နိန်ကျ
နံရံထက်က နာရီလက်တံတွေက
နှေးကွေးလို့….။

ပုံမှန်ကုန်ဆုံးနေကျ
ပြက္ခဒိန်ပေါ်က ရက်စွဲတွေလည်း
အေးစက်စွာနဲ့ 
 ငါ့ကိုနှိပ်စက်လို့…။

အိမ်နံဘေး အပင်ထက်က
မြည်တွန်နိန်ကျ
ကျီးငှက်သာရကာတိ၏
ချိုမြတေးသံတိကလည်း
အလွမ်းသခြင်းတိဖြစ်လို့…။

ချစ်သူ…
တခါတလီ ငါစဉ်းစားမိရေ
“အိပ်မက်ထဲမှာဒါလေ့
မင်းကိုမိန့်နိုင်ကောင်းယက်”လို့…။

ယကေလေ့
မင်းကို အိပ်မက်ထဲမှာ
မိန့်နိုင်ဖို့ဆိုစွာကိုထားလိုက်
မင်းကိုချစ်အားကြီးလို့
အလွမ်းဒဏ်သင့်နိန်ရေ
ငါဆိုရေ အကောင်က
အိပ်ပျော်ရေနိန်ဆိုစွာလည်း
နတ္ထိပါ…။



မေ့ချစ်သူ

အလွမ်းညဥ့် (၂)



တမ်းတနီဆဲပါ ချစ်သူ..
အမြဲတမ်းပျော်ရွှင်စွာနန့်
ပြောခရေမင်းစကားတိ
အမြဲတမ်းပြုံးနီတတ်တေ
မင်းမျက်ဝန်းတိကို....။

ယင်းချင့်တိက
ညှို့စားခစွာ
မဟုတ်ခကေလေ့
ရိုးသားစွာနန့်ရာ
ငါ့ ကို
စွဲလန်းစီရေ....။

မင်း က ငါ့ ကို
မဖျားယောင်းခကေလေ့
ပျော်ရွှင်ဖော်ရွေတတ်ရေ
မင်းပုံရိပ်တိက
ငါ့၏
နက်သျှိုင်းရေနှလုံးသားတနီရာမှာ
သိမ့်မွေ့စွာနှင့်ရာ
ကိန်းဝပ်နီလီရေ....။

အဂုတော့ခါ
မင်းနန့်ဝီးနီရရေ
ငါ့ဘဝမှာ
အိပ်ပျက်တေညဥ့်တိကို
အဖော်ပြုယင်းနန့်
လက်တွေ့ဆန်ရေ
အလွမ်းသမားအဖြစ်နန့်
ကာရန်မညီရေ
အလွမ်းကဗျာတိကိုဖွဲ့ယင်း
အိပ်မက်ထဲမှာတောင်မှ
မျက်ရည်တိကျနိန်ရဗျာယ်....။

ခပ်ကြောင်ကြောင်
အတွေးနန့်
ငါ စဉ်းစားမိရေ..
“မင်းလည်း ငါ့ပိုင်ရာ
သတိရနီဖို့လားလို့...။”

အဂုပိုင် လွမ်းရလို့
အိပ်ပျက်တေ ညဥ့်တိမှာ
မင်းပီးထားရေ
မင်း၏ဓာတ်ပုံတိက
ငါ့ အတွက်
အားပီးဖော်ဖြစ်တေ...။

မနီနိုင်လောက်အောင်
ဝမ်းနည်းသတိရရေ အခါတိုင်းမှာ
မင်းဓာတ်ပုံကိုကြည့်လိုက်ကေ
လှပစွာနန့်ပြုံးနီရေ
မင်းဓာတ်ပုံတိက
ငါ့ ဘဝအတွက်
ဖြေသိမ့်မှုကိုအမြဲပီးခရေ...။

တမ်းတလွမ်းဆွေးနီရရေ
ချစ်သူ..
အမြဲတမ်း ပျော်ရွှင်စွာနန့်
ပြောခရေ မင်းစကားတိကို....။


မေ့ချစ်သူ

Thursday, 10 January 2013

မင်းထွတ်မသွားပါနဲ့ ချစ်ရယ်................

ငါ့ရဲ့သတိရလွမ်းဆွန်ခြင်တွေမှာ မင်းကအမြဲစိုးမိုးနေတာ သိ့ရဲ့လားချစ်သူ....

ငါကနေရောင်ရဲ့ပူလောင်မှုအောက်မှာ သစ်ရွက် မရှိတော့တဲ့ပင်အိုကို အားကိုးမိသလိုဖြစ်နေပြီးလား .............။

မင်းသိလားချစ်သူ နေသစ်တစ်ရက်တိုင်းမှာ ဦးမော့လာတဲ့ နေမင်းကြီးကငါ့ကို မျှော်လင့်ချက်တွေအပြည့်နဲ့

မင်းရဲ့မျက်နှာလေးကို တွေ့ရဖို့ထွန်းလင်းလာတယ်ဆိုတာ ကိုပေါ့ ညရောက်ပြန်ရင်လည်း မလင်းတလင်း

ထွန်းလင်းနတဲ့ လမင်းကြီကိုကြည့်ရင် နဲ့ လွမ်ဆွတ်နေတယ်ဆိုတာမင်းအတွက်ပါ ..။

နေရက်တိုင်းမှာလည်း ကျေးငှက်တွေရဲ့ တွန်ကျူးတဲ့တေးသံချိုတွေနဲ့အတူ ချစ်သူလေးရဲ့ ရယ်သံလွင်လွင်

လေးတွေကို ပါမျှော်လင့်ရင်း မဆုံးနိုင်တဲ့ အိမ်မက်ရှည်တွေကို ငါမက်နေအုံးမှာပါ........

ကဗျာတွေစပ်ကာရံတွေမထပ်သလို ငါ့ရဲ့အလွမ်းစိတ်မှာလည်း မင်းကတစ်နေ့တစ်မျိုးမရိုးအောင်လှနေခဲ့ပါတယ်ချစ်သူ

ဒီလိုပါပဲငါသောက်နေကြကော်ဖီခွက်တွေခါးဆိမ့်မနေဘဲ မင်းရဲ့ပုံရိပ်လေး တွေနဲ့အတူချိုမြ နေခဲ့တာပါချစ်သူ...

ဒါပေမဲ့ကွာ မိုက်ကယ်ဂျက်ဆင် ဆိုတဲ့ you are not alone ဆိုတဲ့သီချင်းကိုနားထောင်တိုင်း မျက်ရည်းစို့မိတယ်

ခုချိန်မှာ ငါကအထီးကျန်ဆန်တဲ့အိမ်အိုကို ကြောမှီရင်း မင်းကိုလွမ်နေမိတယ် လေ...။။။

ညဘက်ရောက်ရင် လောကကြီးက နေမင်းအစားလမင်းကြီးကိုချိတ်လို့ ပေါ့ချစ်သူ.....

ဒါပေမဲ့ကွာ နေမင်းကြီးလိုလမင်းကြီးအထီးမကျန်တာမင်းသိမှာပေါ့ သူ့ဘေးမှား ကြယ်စင်ပျိုတွေ

ဝိုင်းပတ်နေတယ်လေး ငါ့ဘေးမှာတော့ကွာ.................................................-----------။။။။။။။

ငါအရမ်းမြတ်နိုးတန်ဖိုးထာတဲ့ နှုတ်ခမ်းလေးတွေ နဲ့ ညှိ့ပြုံးလေတွေကို မာယာနဲ့ရောသုံးပြီးငါ့ကိုတော့

မမုန်းလိုက်ပါနဲ့ချစ်သူ ဘာလိုလည်းဆိုတော့ ငှက်တကောင်ပျံသန်းဖို့က သူအတောင်တွေကိုမေ့ထားလို့မရသလို

ငါ့ကလည်းမင်းကိုအရမ်ချစ်လို့ပေါ့.....................ချစ်သူ ဘာမှမဆိုင်ပေမဲ့ မင်းကိုတော့ကငါအရမ်ချစ်တာပဲလေး

ငါရဲ့မှတ်ဥာဏ်က တကယ်ကောင်းတာပါ ဘယ်အရာဘယ်စာကိုမှ တစ်ခါထဲ
မမှတ်မိခဲ့ပေမဲ့ မင်းရဲ့နာမည်လေးနဲ့

ချိုလွင်နေတဲ့မင်းရဲ့အပြုံးလေးတွေကိုတော့ ငါတစ်သက်လုံး သက်ဆုံးတိုင်အောင် ငါမှတ်မိနေခဲ့တယ်.


ချစ်သူမင်းကကာရံတွေမရွတ်တတ်တဲ့ပန်းတစ်ပွင့်မဟုတ်လား

ငါကလည်းဘာစာမှမတတ်တဲ့ ငတိတစ်ကောင်ပေါ့ ဒီလိုနဲ့ ငါတို့လည်းနီးလာလိုက်ဝေးသွားလိုက် နဲ့ ငါတို့နှစ်ယောက်

ကမ္ဘာမြေကြီးကို ဦညွှတ်မိတယ်မင်္ဂလာပါလို့ပေါ့ မင်္ဂလာပါကမ္ဘာကြီးလို့ပေါ့ ...............။။။

ချစ်သူ
ခုချိန် ငါက သီချင်းမဆိုတတ်ပေမဲ့ အလွမ်းသီချင်းတွေနားထောင်တတ်နေပြီး ကောချစ်သူ ဒါကြောင့်
မင်းငါ့ဘေးကဘယ်တော့မှ ..ဘယ်တော့မှ ထွင့်မသွားပါနဲ့ ထွက်....မ........သွားပါနဲ့ကွာ...........(ချစ်သူတိုင်းပျော်ရွှင်မှုတွေနဲ့ ဘ၀လမ်းခရီးကိုလျှောက်လှမ်နိုင်ပါစေဗျာာာာာားးးးးးးးးးးးးး)