Thursday 18 July 2013

မင်းကိုလွမ်းတဲ့နေ့ 


ချစ်သူ..
မင်းအသံကိုမကြားရရေနိန်တိမှာ
ပုံမှန်လည်ပတ်နိန်ကျ
နံရံထက်က နာရီလက်တံတွေက
နှေးကွေးလို့….။

ပုံမှန်ကုန်ဆုံးနေကျ
ပြက္ခဒိန်ပေါ်က ရက်စွဲတွေလည်း
အေးစက်စွာနဲ့ 
 ငါ့ကိုနှိပ်စက်လို့…။

အိမ်နံဘေး အပင်ထက်က
မြည်တွန်နိန်ကျ
ကျီးငှက်သာရကာတိ၏
ချိုမြတေးသံတိကလည်း
အလွမ်းသခြင်းတိဖြစ်လို့…။

ချစ်သူ…
တခါတလီ ငါစဉ်းစားမိရေ
“အိပ်မက်ထဲမှာဒါလေ့
မင်းကိုမိန့်နိုင်ကောင်းယက်”လို့…။

ယကေလေ့
မင်းကို အိပ်မက်ထဲမှာ
မိန့်နိုင်ဖို့ဆိုစွာကိုထားလိုက်
မင်းကိုချစ်အားကြီးလို့
အလွမ်းဒဏ်သင့်နိန်ရေ
ငါဆိုရေ အကောင်က
အိပ်ပျော်ရေနိန်ဆိုစွာလည်း
နတ္ထိပါ…။



မေ့ချစ်သူ

No comments:

Post a Comment