မင်းနားလည်ပါ
မင်းနှုတ်ဖျားက...“မချစ်တော့ဘူး”လို့
ဘယ်လောက်ပဲပြောပြော
မင်းပြောတဲ့စကားကို
ငါက စလို့ 
ပြောတာလို့ပဲ
ထင်နေတာ
ချစ်သူ...။
Online မှာတွေ့ရင်လည်း
“စကားတွေဆက်မပြောချင်ဘူးဆိုပြီရင်
မင်းက Off လိုင်းကိုလုပ်ထားရင်လည်း
မင်း Online မှာရှိတယ်ဆိုတာကို
ငါ အလိုလိုသိနေတယ်
ချစ်သူ.....။
တခါတခါမှာ
မင်းက ငါ့ကို
“မချစ်ဘူး”လို့ပြောတယ်
နောက်တစ်ခါတွေ့ပြန်တော့
”ချစ်တယ်”လို့ပြော
မင်းက ငါ့ကို
ရူးခိုင်းနေတာလား
ချစ်သူ...။
မင်းက
ကျီစားတာများလာတော့
မခံစားဖူးတဲ့
ငါ့နှလုံးသားတွေ
တစတစနဲ့ ကြာလာတော့
လောင်ကျွမ်းသွားလိမ့်မယ်.
ချစ်သူ....။
ငါက
နေဒဏ်သင့်နေတဲ့ခရေပန်းတပွင့်လို
အလွမ်းဒဏ်တွေသင့်နေတယ်
ငါ့ဘဝမှာ
ရင်မှာဝေဒနာကို ပွေ့ပိုက်ရင်း
ငါဘယ်လိုခရီးဆက်ရမှာလဲ...
ချစ်သူ....။
ငါ့ဘဝက
နေဒဏ်သင့်ပြီးကြွေနွမ်းနေတဲ့
ခရေပွင့်လေးလို
မဟာပထဝီမြေကြီးမှာ
ခယဝဋ်စင်းနေရတဲ့ဘဝမို့ 
ဘယ်သူက
ကောင်ယူပြီး နမ်းချူချင်မှာလဲ...
ချစ်သူ...။
ဒါပေမယ့်လေ...
ခရေပန်းပွင့်လေးဘဝက မြေမှာခလို့ 
ဘယ်လောက်ပင်ခြောက်သွေ့ခြောက်သွေ့
ပန်းချစ်သူတို့ အပေါ်
ထာဝရမွှေးကြိုင်သင်းပျံ့တဲ့
ရနံ့လေးကိုတော့
အမြဲပေးစေတယ်ဆိုတာကို
မင်းနားလည်ပါ
ချစ်သူ....။
နောက်ဆုံးအနေနဲ့ 
ငါတောင်းဆိုချင်ပါတယ်...
အလွမ်းဒဏ်သင့်နေတဲ့
ငါ့ကို
နောက်ပြီးမကျီစားပါနဲ့ လို့....."
(အောင်မင်းခန့် )
No comments:
Post a Comment