Friday 4 January 2013

အချစ်စစ်



နှလုံးသား  တစ်ခုဟာ
ဒဏ်ရာတွေ ဗရပွနှင့်
ခြေချစရာ မရှိအောင်
ကြွေမွနေတာတောင်မှ
အချစ် တစ်ခုကို မျှော်လင့်ဆဲပါ
ရူးသွပ်မှုတွေထဲက အမိုက်မဲဆုံး
ဆန္ဒ တစ်ခုပေါ့
မပိုင်ဆိုင်ရလည်း ချစ်တယ်
စွန့် ပစ်ထားခဲ့ရင်လည်း ချစ်တယ်
ဘယ်လောက်ထိ ချစ်သလဲ ဆိုရင်
နောက်ဆုံး ထွက်သက်ထိ
ဘာတစ်ခုမှ မရလည်း ချစ်တယ်
အရာ အားလုံးကိုခွင့်လွှတ်တယ် ဆိုးပေမဲ့ 
သ၀န်တို့တဲ့ ခံစားမှု ဘယ်သူ မရှိဘဲနေမှာလဲ
စာနနာတတ်တဲ့ ခံစားမှုနှင့်
ညှာတာ ငဲ့ကွက်မလားလို့ 
အားကိုး မျှော် ငေး
သည်းက တေးတွေ ဆိုရတာလည်း
ညပေါင်းများစွာပါ"
ကြေကွဲ အပြုံးတွေနှင့်
ရင်ကွဲလို့ ကျခဲ့ရတဲ့ မျက်ရည်တွေ
ချစ်သူ သိတာလည်းရှိမယ်
ချစ်သူ မသိတာလည်း ရှိမယ်"
တကယ်ဆိုရင်......
ချစ်သူ မင်းဟာ တို့အပေါ်မှာ
ရက်စက်တတ်ဆုံး  လူသားတစ်ယောက်လား
စိတ်နာဖို့ ကောင်းခဲ့ပေမယ့်
မနာနိုင်ဘူး  မမုန်းနိုင်ခဲ့ဘူး
မမေ့နိုင်ခဲ့ဘူး ချစ်သူရယ်
ချစ်သူ မင်း တို့ကို စွန့် ပစ်သွားခဲ့တာ
တို့ရဲ့  အားနည်းချက်ကြောင့်လား
ဒါမှ မဟုတ်
ကံကြမ္မာရဲ့  ယိုးမယ်ဖွဲ့ မှုကြောင့်လား
ပတ်သတ်ခဲ့ သမျှာဟာ အိပ်မက်တစ်ခုသာ
ဖြစ်ခဲ့မယ် ဆိုရင်......
ခုချိန်မှာ မင်း ပေးခဲ့တဲ့ 
ဒဏ်ရာတွေနှင့် အထီးကျန် ဘ၀ပါ
ခံစားချက်မဲ့ တဲ့  နေ့ ရက်တွေကို
ကျော်ဖြတ်ရင်နှင့်
နေရစ်ခဲ့မယ် ချစ်သူရယ်
ပျော်ရွှင်ခြင်းရဲ့  အခြား တစ်ဖက်မှာ
 ကြွေကွဲ ၀မ်းနည်းခြင်းတွေ ရှိခဲ့တယ် ဆိုတာ
ကိုယ် မသိလိုက်မိဘူး ချစ်သူရယ်................."
(အောင်မင်းခန့် )

No comments:

Post a Comment