Wednesday, 25 September 2013

မောင်ရေ........

တယောလေးမှာ တပ်ဆင်ထားတဲ့
ကြိုးလေးလို့ မေ့ကိုမှတ်ယူထားပြီးပေါ့
မောင်ကတော့် တေးသွားလေး ဖော်ဆောင်ချင်လို့
တီးခတ်တိုးဝှေ့လိုက်ပေမယ့်
အထိရှခံလိုက်ရတဲ့
ကြိုးလေးကတော့် သာယာနာပျော်ဖွယ်
သံသာသာလေး ဖော်ကြူးထွက်ဆိုနေမှာပါ
နာကျင်မှုတွေ မေ့မေ့လျော့လျော့နဲ့
တေးသံလေး တကြူကြူနဲ့ပေါ့

ဒါပေမယ့်..........
တူရိယာကြိုးလေးတွေဆိုတာ
ထိခိုက်တာများရင်တော့်
ပြတ်တောက်ထွက်သွားကြစမြဲပဲနော်

မောင်ရေ.........
ကြိုးလေးပြတ်သွားရင်တော့်
မောင်ဘယ်လောက် တိုးဝှေ့တီးခတ်ခတ်
မောင် တီးခတ်တဲ့ တေးသွားချိုချိုတွေလဲ
ဆိတ်သုန်းပျောက်ကွယ်သွားမှာ နော်။

ဝမ်းနည်းမှုတိုင်း အတွက်
တန်ပြန်ခံစားမှုတွေက လွတ်မြောက်ခွင့်
ရှိပါစေ။            ။


မောင့်ချစ်သူ မေ

နှလုံးသားနဲ့ ဖတ်ပေးပါ။

ရင်ခွင်တံခါးကို
အကြင်နာအစွမ်းနဲ့
မောင့်ချစ်သူလေး တစ်ယောက်တည်း
ဝင်ခွင့်ရအောင်
နှလုံးသား အဓိဌာန်ဝင်
မေတ္တာတွေ သက်သေထား
ချစ်ခြင်းရဲ့ တန်ခိုးနဲ့
ဘယ်တော့်မှ မကျိုးမယ့်
နှလုံးသားတံခါးချပ်
မောင် ဆောက်ထားတယ်။

နားလည်မှု အမျှင်ထုတ်
သံယောဇဉ်ကြိုးတုတ်တုတ်နဲ့
မောင် ဆုပ်ထားတဲံ
ချစ်ခြင်းစံပယ်တစ်ပွင့်ဟာ
ကမ္ဘာတည်သမျှ မညိုးနွမ်းမယ့်
ကဗျာသီတဲ့ ပန်းစံပယ်တစ်ပွင့်ရယ်လို့
မောင့်နှလုံးသား အချစ်သမိုင်းမှာ
မြတ်မြတ်နိုးနိုးရေးသီခဲ့မယ်။

အချစ်ကို အချစ်လို့
နာမည်တပ်နိုင်ယုံလောက်နဲ့
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း
လျှာဖျားက အားယားပြီး ထွက်လာတာမဟုတ်တော့်
အချစ်ရဲ့ ဘော်ဘော်တွေဖြစ်တဲ့
ကြင်နာ မြတ်နိုး
ယုယ တွယ်တာ
နားလည် ပေးဆပ်
မှေးစက်စေချင်တာ
နှလုံးသား မွေ့ယာပေါ်မှာမို့
နှလုံးသွေးနဲ့ ရေးတဲ့ ကဗျာတိုင်း
မောင့်ချစ်သူလေးအတွက်
အချစ်တွေ အန်ချတဲ့
ကာရံမလှပေမယ့်
ဒဏ်ရာကင်းတဲ့
ကဗျာလေးလို့
ချစ်စိတ်မှာထား
နှလုံးသားနဲ့ ဖတ်ပေးပါ။    ။



မေ့ချစ်သူမောင်.....

Saturday, 20 July 2013

အများနဲ့ မတူတဲ့ တစ်ယောက်သောသူ



မောင်
အများပြောတဲ့ သားချောမဟုတ်ပေမယ့်
အရာရာသော သူတို့ထက်
သာလွန်ပါတဲ့မောင်

မောင်
အများအတွက်
ပြောစမှတ်မရှိပေမယ့်
မေ့အတွက်တော့် အတောမသတ်တဲ့
အချစ်တွေနဲ့ ရှိနေတဲ့မောင်

မောင်
သူတလူငါတမင်း
လူမင်းတွေရှိနေလဲ
အရာရာ မင်းသဘော
ရှေ့တန်းတင်ပေးတဲ့မောင်

မောင်
ငွေကြေးတွေ ပုံအောမပေးလေပေမယ့်
တန်ဖိုးအကြီးဆုံး စိတ်ဓါတ် ရတနာကို
ပိုင်ဆိုင်ပါတဲ့မောင်
မောင်ရေ……….
ဒီဘ၀မှာ ကံကောင်းလှတဲ့မေ
နောင်များလည်း ကံကောင်းချင်ရဲ့မောင်ရယ်
အရာရာတိုင်းထက်
မောင်ဆိုတာ
အရိပ်လို စေစားနေလေရဲ့
ကျေးဇူးပြုပြီး အချစ်တွေ ပိုပိုတိုးလာတဲ့အတွက်
နေပြင်းပြင်းကြီးတော့် မပူချလိုက်ပါနဲ့နော်
မေ့အချစ်သစ်ပင်လေး နေဒါဏ် မခံနိုင်မှာစိုးလို့ပါ မောင်ရယ်…………..။

 မောင့်ချစ်သူ

စိုးစိတ်


တစ်ကယ်တော့် အချစ်ဆိုတာ
ရိုလာကိုစတာ စီးရသလိုပါပဲလား
ဘယ်သူမှ အတင်းအကြပ်
မစီးစေပါပဲ
တက်စီးဖြစ်သလို
ပြုတ်မကျလောက်ပါဘူး
တွေးထားပေမယ့်လဲ
ကြောက်နေတတ်ပြန်ရော
ကိုယ်ကိုင်ထားတဲ့ လက်တန်း
ခိုင်ခံမှုကိုလဲ ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးလေ
ဟုတ်ပါတယ်
အချစ်ကို 
ဘယ်သူမှ ချစ်ပါ အတင်းအကြပ်မပြောပေမယ့်
ချစ်မိတတ်ကြပါတယ်
ကိုယ်ချစ်တဲ့ချစ်သူကလဲ 
ကိုယ့်ကိုပြန်ချစ်နေပါတယ်တွေးပေမယ့်
ကြောက်စိတ်တော့် ဖြစ်နေတတ်ပြန်ရော
ဘယ်လောက်ပဲ သစ္စာတွေရှိရှိ
တစ်ချိန်ချိန်မှာ တစ်ချို့ချို့ကြောင့်ဆိုပြီး
စိတ်ပူနေတတ်ပြန်ရော
ကိုယ်ချစ်တဲ့ချစ်သူက
ကိုယ့်ကို ဘယ်သောအချိန်ထိ ချစ်နေနိုင်ပါ့မလဲလို့
မဆုံးဖြတ်နိုင်ပါဘူးလေ
ဒါပေမယ့်
သေချာပါတယ်
နောက်ထပ်လဲ ရိုလာကိုစတာကို မစီးတော့်ဘူးလို့
ဘယ်တော့မှ မတွေးမှာကိုပေါ့


မောင့်ချစ်သူ

ချစ်ခြင်းဖွဲ့ ဋီကာ



မောင်ရေ
အခြေအနေတွေမပေးလို့
ဝေးကွာနေပေမယ့်
မောင်နဲ့အတူ မေ အမြဲရှိနေတယ်ဆိုတာ
သတိရပေးပါနော်

မောင်ရေ
မောင်နဲ့တွေ့ချိန်မှာ 
မေ စောင့်မျှော်တတ်တာကို
မေ တစ်ခါတစ်လေ ပျက်ကွက်ခဲ့ရင်
မောင် နားလည်ပေးပါနော်

မောင်ရေ
မေနဲ့အတူ အနာဂါတ်လမ်းကို
တူတူလျှောက်ကြဖို့
မောင်ဆွေးနွေးပေးတဲ့
မောင့်ရဲ့ နွေးထွေးမှုတွေတိုင်းမှာ
မေ သာယာပါတယ်မောင်

မောင်ရေ
အရာရာ မေ့ရှေ့ကနေ မားမားမတ်မတ်
ရပ်တည်ပေးမယ်ဆိုတဲ့
မောင့်ရဲ့ ယောင်္ကျားကောင်း စိတ်ဓါတ်ကို
မေ လေးစားဂုဏ်ယူနေမိတယ်ဆိုတာ
မောင် တစ်ယောက် သိပါစေနော်

မောင်ရေ
မေတို့ တူတူလျှောက်လှမ်းကြမယ့်
ဘ၀ခရီးလမ်းမှာ
မောင့်ကို ယုံကြည် နားလည်မှုတွေနဲ့
အားကိုးသွားမယ်ဆိုတာ
မောင် အတွေးလေးထဲ
အမြဲရှိနေပေးပါနော်

မောင်ရေ
မေပြောချင်တဲ့ 
စကားတွေကို 
ပြောပြခွင့်ရအောင်
ရှိနေပေးတဲ့ 
မောင့်ရဲ့ ရင်ခွင်လေးကို
မေ အရမ်း ချစ်တယ်မောင်

¸,¤°´'`°•.¸O¸.•°´'`°¤,¸ ♥ I LOVE YOU ♥ ´'`°¤¸¸.•'´O`'•.¸¸¤°´'

 
မောင့်ချစ်သူ

Thursday, 18 July 2013

အရမ်းချစ်တယ်................... ************.`• .¸.•´(¯`♥´¯)..မောင်..............


♥ ♥ ♥ မောင်♥ ♥ ♥

မေသိပါတယ်

မောင် မေ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ

♥ ♥ ♥ မောင်♥ ♥ ♥

မောင်လဲ သိပေးပါနော်

မေ မောင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ

မောင်ရယ် ♥ ♥ ♥

မေ့ရင်ထဲမှာ

မောင်ဆိုတာ ဘယ်တော့်မှ

နောက်တစ်ယောက် မထည့်နိုင်လောက်အောင်ကို

မောင့်အတွက် နေရာ အပြည့်ပါမောင်

မောင့်ကို ချစ်တဲ့အချစ်ကို

မေ ဘယ်တော့်မှ မလျှော့သွားပါဘူးမောင်ရယ်

မောင်နားလည်ထားပေးပါနော်

မောင်သာ မေ့ဘ၀ပါမောင်


(¯`♥´¯)...မြန်မာလိုပဲ....
.`•.¸.•´(¯`♥´¯) ..ရိုးရိုးရှင်းရှင်းလေးပြောမယ်နော်
******.`•.¸.•´( ¯`♥´¯).. အရမ်းချစ်တယ်...................
************.`• .¸.•´(¯`♥´¯)..မောင်..............
*************** ***.`•.¸.:*…
မောင့်ချစ်သူ