Thursday, 14 November 2013

မိုးမြေဆုံးထိ မပြောင်းလဲတဲ့ ချစ်ခြင်းများဖြင့်


ချစ်တယ်ဆိုတဲ့စကား
ကြားရဖန်များပေမယ့် ဘယ်တော့်မှ မရိုးနိုင်တဲ့
ချစ်သူရဲ့ နူတ်ခမ်းထက်က ပန်းနုရောင် စကားလေး
ဆားငံရည်လေးပါ ဘယ်လောက် သောက်သောက် ငတ်မပြေဘူး
နေမင်းကြီး ဘယ်လောက်ပူပူ အငွေ့တော့် မပျံသွားပါနဲ့နော် ချစ်သူ.........

သူ့အတွက် အချစ်ဦးပါလို့
အမြဲတမ်းပြောတတ်တဲ့
ချစ်လွန်းပိုလေး ချစ်သူ
အချစ်ဦးထက် ရင့်ကျက်တဲ့ အချစ်တွေနဲ့
အချစ်ဆုံးဆိုတာ ချစ်သူမှ တစ်ပါး ဘယ်တော့် ရှိမလာနိုင်ပါဘူး ချစ်သူ...........

ဝန်တိုမှုတွေ ပူလောင်မှုတွေ
တောင်းတမှုတွေ ပြင်းပြတဲ့ ချစ်ခြင်းတရားတွေ
လက်ဝယ် ပိုင်ဆိုင်နိုင်အောင် ဆောင်ကျဉ်းနိုင်စွမ်းကတော့်
ချစ်သူဆိုတဲ့ ချစ်တဲ့သူ တစ်ယောက်ပဲ ရှိခဲ့ပါတယ် ချစ်သူ..........

မိုးအဆုံး မြေအနှံ့ ဘယ်မှ ရှာစရာ မလိုပါဘူးချစ်သူ
ချစ်သူရဲ့ အရိပ်ကလေး နှလုံးသားမှာ ဘယ်တော့်မှ မခွဲမခွါ အမြဲပါနေတာမို့
ကြည့်လေတိုင်း မြင်လေတိုင်း ခံစားချက်တိုင်း ၀င်သက် ထွက်သက်တိုင်းမှာ
ချစ်သူသည်သာ ပိုင်စိုးရာပါ ချစ်သူ............

ချစ်တာ ဟိုး အနက်ရှိုင်းဆုံးထိ ချစ်နေမိကြပြီ
ကောင်းကင်ကြီးမပြိုမကျချင်း ချစ်နေမယ်
မဟုတ်ဘူး ပြိုကျလဲ ချစ်နေဦးမယ် 
ချစ်သူကိုအရမ်းချစ်တယ် ။

မောင့်ချစ်သူ မေ

 

Wednesday, 13 November 2013

ရင်ဘတ်ချင်းတူလို့ ရွေးတဲ့သူ

နင့်ထက်ချောပြီးလှတဲ့ သူတွေကို
ငါရင်မခုန်ပါဘူး...
နင်ငါ့ကိုလေးလေးနက်နက်
ချစ်တယ်လို့ပြောတတ်တာလေး
ကိုပဲရင်ခုန်တာပါ...

နင့်ထက်ပြီးပြည့်စုံပြီးလှနေတဲ့
သူတွေကိုငါမချစ်ပါဘူး...
နင့်ရဲ့ဖြူစင်တဲ့စိတ်ထားလေးတွေ
ကိုပဲငါချစ်တာပါ...

နင့်ထက်ဘယ်လောက်ပဲတော်
ပြီးကောင်းနေပါစေ ငါရွေးချယ်
မှာမဟုတ်ပါဘူး...
ငါ့အပေါ်နားလည်မှုလေးနဲ့အနား
မှာအမြဲရပ်တည်ပေးတတ်တဲ့
နင့်ကိုပဲငါရွေးချယ်မှာပါ...

ကိုယ့်ကိုတကယ်ချစ်တဲ့လူဆိုတာ
ဟာရွေးချယ်မှုတွေမရှိမှကိုယ့်ကိ
ရွေးချယ်တတ်တဲ့သူမျိုးမဟုတ်ပါဘူး

ရွေးချယ်မှုတွေများစွာရှိတဲ့
အထဲကမှကိုယ့်ကိုပဲရွေးချယ်
တတ်တဲ့သူမျိုးပါ...

Present -

Krishan Acharya
Love Forever ♥
Romantic Couple
Love You Forever
I Miss You


 Credit -  Krishan Acharya

Wednesday, 25 September 2013

မောင်ရေ........

တယောလေးမှာ တပ်ဆင်ထားတဲ့
ကြိုးလေးလို့ မေ့ကိုမှတ်ယူထားပြီးပေါ့
မောင်ကတော့် တေးသွားလေး ဖော်ဆောင်ချင်လို့
တီးခတ်တိုးဝှေ့လိုက်ပေမယ့်
အထိရှခံလိုက်ရတဲ့
ကြိုးလေးကတော့် သာယာနာပျော်ဖွယ်
သံသာသာလေး ဖော်ကြူးထွက်ဆိုနေမှာပါ
နာကျင်မှုတွေ မေ့မေ့လျော့လျော့နဲ့
တေးသံလေး တကြူကြူနဲ့ပေါ့

ဒါပေမယ့်..........
တူရိယာကြိုးလေးတွေဆိုတာ
ထိခိုက်တာများရင်တော့်
ပြတ်တောက်ထွက်သွားကြစမြဲပဲနော်

မောင်ရေ.........
ကြိုးလေးပြတ်သွားရင်တော့်
မောင်ဘယ်လောက် တိုးဝှေ့တီးခတ်ခတ်
မောင် တီးခတ်တဲ့ တေးသွားချိုချိုတွေလဲ
ဆိတ်သုန်းပျောက်ကွယ်သွားမှာ နော်။

ဝမ်းနည်းမှုတိုင်း အတွက်
တန်ပြန်ခံစားမှုတွေက လွတ်မြောက်ခွင့်
ရှိပါစေ။            ။


မောင့်ချစ်သူ မေ

နှလုံးသားနဲ့ ဖတ်ပေးပါ။

ရင်ခွင်တံခါးကို
အကြင်နာအစွမ်းနဲ့
မောင့်ချစ်သူလေး တစ်ယောက်တည်း
ဝင်ခွင့်ရအောင်
နှလုံးသား အဓိဌာန်ဝင်
မေတ္တာတွေ သက်သေထား
ချစ်ခြင်းရဲ့ တန်ခိုးနဲ့
ဘယ်တော့်မှ မကျိုးမယ့်
နှလုံးသားတံခါးချပ်
မောင် ဆောက်ထားတယ်။

နားလည်မှု အမျှင်ထုတ်
သံယောဇဉ်ကြိုးတုတ်တုတ်နဲ့
မောင် ဆုပ်ထားတဲံ
ချစ်ခြင်းစံပယ်တစ်ပွင့်ဟာ
ကမ္ဘာတည်သမျှ မညိုးနွမ်းမယ့်
ကဗျာသီတဲ့ ပန်းစံပယ်တစ်ပွင့်ရယ်လို့
မောင့်နှလုံးသား အချစ်သမိုင်းမှာ
မြတ်မြတ်နိုးနိုးရေးသီခဲ့မယ်။

အချစ်ကို အချစ်လို့
နာမည်တပ်နိုင်ယုံလောက်နဲ့
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း
လျှာဖျားက အားယားပြီး ထွက်လာတာမဟုတ်တော့်
အချစ်ရဲ့ ဘော်ဘော်တွေဖြစ်တဲ့
ကြင်နာ မြတ်နိုး
ယုယ တွယ်တာ
နားလည် ပေးဆပ်
မှေးစက်စေချင်တာ
နှလုံးသား မွေ့ယာပေါ်မှာမို့
နှလုံးသွေးနဲ့ ရေးတဲ့ ကဗျာတိုင်း
မောင့်ချစ်သူလေးအတွက်
အချစ်တွေ အန်ချတဲ့
ကာရံမလှပေမယ့်
ဒဏ်ရာကင်းတဲ့
ကဗျာလေးလို့
ချစ်စိတ်မှာထား
နှလုံးသားနဲ့ ဖတ်ပေးပါ။    ။



မေ့ချစ်သူမောင်.....

Saturday, 20 July 2013

အများနဲ့ မတူတဲ့ တစ်ယောက်သောသူ



မောင်
အများပြောတဲ့ သားချောမဟုတ်ပေမယ့်
အရာရာသော သူတို့ထက်
သာလွန်ပါတဲ့မောင်

မောင်
အများအတွက်
ပြောစမှတ်မရှိပေမယ့်
မေ့အတွက်တော့် အတောမသတ်တဲ့
အချစ်တွေနဲ့ ရှိနေတဲ့မောင်

မောင်
သူတလူငါတမင်း
လူမင်းတွေရှိနေလဲ
အရာရာ မင်းသဘော
ရှေ့တန်းတင်ပေးတဲ့မောင်

မောင်
ငွေကြေးတွေ ပုံအောမပေးလေပေမယ့်
တန်ဖိုးအကြီးဆုံး စိတ်ဓါတ် ရတနာကို
ပိုင်ဆိုင်ပါတဲ့မောင်
မောင်ရေ……….
ဒီဘ၀မှာ ကံကောင်းလှတဲ့မေ
နောင်များလည်း ကံကောင်းချင်ရဲ့မောင်ရယ်
အရာရာတိုင်းထက်
မောင်ဆိုတာ
အရိပ်လို စေစားနေလေရဲ့
ကျေးဇူးပြုပြီး အချစ်တွေ ပိုပိုတိုးလာတဲ့အတွက်
နေပြင်းပြင်းကြီးတော့် မပူချလိုက်ပါနဲ့နော်
မေ့အချစ်သစ်ပင်လေး နေဒါဏ် မခံနိုင်မှာစိုးလို့ပါ မောင်ရယ်…………..။

 မောင့်ချစ်သူ

စိုးစိတ်


တစ်ကယ်တော့် အချစ်ဆိုတာ
ရိုလာကိုစတာ စီးရသလိုပါပဲလား
ဘယ်သူမှ အတင်းအကြပ်
မစီးစေပါပဲ
တက်စီးဖြစ်သလို
ပြုတ်မကျလောက်ပါဘူး
တွေးထားပေမယ့်လဲ
ကြောက်နေတတ်ပြန်ရော
ကိုယ်ကိုင်ထားတဲ့ လက်တန်း
ခိုင်ခံမှုကိုလဲ ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးလေ
ဟုတ်ပါတယ်
အချစ်ကို 
ဘယ်သူမှ ချစ်ပါ အတင်းအကြပ်မပြောပေမယ့်
ချစ်မိတတ်ကြပါတယ်
ကိုယ်ချစ်တဲ့ချစ်သူကလဲ 
ကိုယ့်ကိုပြန်ချစ်နေပါတယ်တွေးပေမယ့်
ကြောက်စိတ်တော့် ဖြစ်နေတတ်ပြန်ရော
ဘယ်လောက်ပဲ သစ္စာတွေရှိရှိ
တစ်ချိန်ချိန်မှာ တစ်ချို့ချို့ကြောင့်ဆိုပြီး
စိတ်ပူနေတတ်ပြန်ရော
ကိုယ်ချစ်တဲ့ချစ်သူက
ကိုယ့်ကို ဘယ်သောအချိန်ထိ ချစ်နေနိုင်ပါ့မလဲလို့
မဆုံးဖြတ်နိုင်ပါဘူးလေ
ဒါပေမယ့်
သေချာပါတယ်
နောက်ထပ်လဲ ရိုလာကိုစတာကို မစီးတော့်ဘူးလို့
ဘယ်တော့မှ မတွေးမှာကိုပေါ့


မောင့်ချစ်သူ